သတင်းများ

ကြံခင်းမြို့ရှိ အသက်(၁၈)နှစ်နှင့်အထက် ရဟန်း၊ သံဃာ၊ ပြည်သူ(၁၇၆)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး 
Jan 14,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့တွင်အသက်၁၈နှစ်နှင့်အထက် တစ်ကြိမ်တခါမှကိုဗစ်-၁၉ရောဂါကာကွယ်ဆေးမထိုးရသေးသော ရဟန်း၊သံဃာ၊ပြည်သူများကိုယနေ့နံနက်(၉)နာရီခွဲအချိန်ကကြံခင်းမြို့သာသနာ့ဗိမာန်ဆေးထိုးစုရပ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(ပထမ)အကြိမ်စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ 
ဖျာပုံမြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jan 14,2022
ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထု အခြေပြု ဗဟိုဌာန ( Community Centre ) ခန်းမတွင် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ဇန်နဝါရီလ ၁၄ ရက် နံနက် ၁၁နာရီအချိန်က ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ၊ Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။
သနပ်ပင်မြို့နယ် ခရမ်း(စံပြ)ကျေးရွာအတွင်း ကိုဗစ်- ၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Jan 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးအနေဖြင့် လူစည်ကားရာ နေရာများဖြစ်သော မြို့အဝင်/အထွက်၊ ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများ၌ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ခရမ်း(စံပြ) ကျေးရွာအတွင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေး နှိုးဆော်ခဲ့ကြသည်။
ကြံခင်းမြို့နယ်တွင် Mobile library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်
Jan 14,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Mobile library စနစ်ဖြင့်စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးနှင့် မြို့နယ်စီမံကိန်းရုံးများသို့ ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင် းသိရသည်။ 
တာ​​လေမြို့ ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းကျင်းပ
Jan 14,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ၌ ဇန်နဝါရီ ၁၃ ရက် ညနေပိုင်းက စာရေးဆရာ မောင်မင်းစိုး ရေးသားသည့် လူငယ်နဲ့ အပြောင်းအလဲစာအုပ်မှ "လူငယ်နဲ့ အပြောင်းအလဲ" ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (Omicron) ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ရှမ်း၊မြန်မာ ဘာသာနှစ်မျိုးဖြင့် အသိပေးနှိုးဆော်
Jan 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ယနေ့နံနက် ၉ နာရီ အချိန်မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံနိုင်ရေးနှင့် ကိုဗစ် ၁၉ ဗီဇပြောင်းမျိုးကွဲ (Omicron) ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြန်မာ၊ ရှမ်းဘာသာနှစ်မျိုးဖြင့် အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းကို အာသံကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ လူမှုဝန်ထမ်းဦးစီးဌာနမှ MCCT နှင့် ပတ်သက်၍ အမျိုးသမီးရေးရာ အဖွဲ့ဝင်များအား ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ
Jan 14,2022
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အနာဂတ်မျိုးဆက်သစ် ကလေးများ အာဟာရ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MCCT (Maternal and Child Cash Transfer) နှင့်ပတ်သက်၍ မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် ငွေကြေးထောက်ပံ့ပေးနိုင်ရေး၊ စာရင်းကောက်ယူရန်အတွက် ရပ်/ကျေးစာရေးများနှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များအား ပူးပေါင်းပြီး ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဗဟန်းမြို့နယ်၌ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 14,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း၊ ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရန်နှင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ဆက်လက်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးများကို ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းနှင့် အသက် ၁၈နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ မင်္ဂလာစျေး ဓမ္မာရုံနှင့် သိမ်ကြီးစျေးဓမ္မာရုံတို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။