တန့်ယန်းမြို့နယ်တွင် အသက် ၁၀၃ နှစ်ရှိ အဖွားနိုင်းစမ်အား နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခဲ့

တန့်ယန်း ဇန်နဝါရီ  ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ဇန်နဝါရီလ ၁၂ ရက်နေ့က အမှတ်(၅) ရပ်ကွက်အတွင်းရှိ ပြည်သူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်မှုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တန့်ယန်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးအရာရှိ ဦးခင်မောင်ရွှေနှင့် ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေရာ အမှတ်(၅)ရပ်ကွက်၊ အုပ်စု(၉)မှ အသက် (၁၀၃)နှစ်ရှိ အဖွား နိုင်းစမ် (အဘ) လိုင်းဟိန်းပန်အား Home Service ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ် ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး