မိုးနဲ ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ် ကြည့်ကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ မြို့နယ်အတွင်း ကင်းရှင်းစေရန်အတွက် Sinopharm ကို ပဉ္စမအသုတ် ဒုတိယအကြိမ်နှင့် ဆဌမအသုတ် ပထမအကြိမ် တစ်ပြိုင်နက်တည်း မြို့နယ် ကမ္ဘောဇခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီ အချိန်ခန့်က ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးရာတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ဌာနဆိုင်ရာ အသီးသီးမှ ပူးပေါင်း၍ စနစ်တကျကိုယ်ပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ စာရင်းသွင်းပေးခြင်းအပြင် ကာကွယ်ဆေး ရပ်ကွက်အလိုက် လာရောက်ထိုးနှံကြသည့် ပြည်သူများကို ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ၁၀ ဦးခန့်ကို ပထမအကြိမ် အဖြစ်လည်ကောင်း ၅၀ ဦးခန့်ကို ဒုတိယအကြိမ်အဖြစ်လည်ကောင်း ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)