မိုင်းရယ် ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်ရှိ ပြည်သူ့ဆေးရုံ၊ မြို့နယ်ကျေးရွာများရှိ တိုက်နယ်ဆေးရုံများနှင့် ကျန်းမာရေးဌာနခွဲများ စသည့် စုရပ်အသီးသီးတို့တွင် ဦးတည်အုပ်စုများ အလိုက် အသက်(၁၈)နှစ် အထက်ရှိသူများအား ကာကွယ်ဆေးများကို စဉ်ဆက်မပြတ် ထိုးနှံ ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မန်ဖိုင်ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ဟိုယကျေးလက် ကျန်းမာရေးဌာနခွဲနှင့် ခိုင်ဆိုင်းကျေးရွာ အုပ်စုရှိ ဘုန်းတော်ကြီးကျောင်းတို့တွင် ပြည်သူများအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ဉီးတည်အုပ်စု အသက်(၁၈)နှစ်အထက် စတုတ္ထအသုတ် ဒုတိယအကြိမ် လာရောက်ထိုးနှံသူ (၇၀)ဦး ဖြစ်ကြောင်းနှင့် ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ပရဟိတ အသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ကျော်ဇင်ထိုက်