ငပုတောမြို့နယ်၌ လူမှုဝန်ထမ်းဦးစီးဌာနမှ MCCT အစီအစဥ်အတွက် ဆင့်ပွားသင်တန်းဖွင့်လှစ် ပို့ချ

ငပု​တော ဇန်နဝါရီ ၁၄ 

ဧရာဝတီတိုင်း​ဒေသကြီး  ပုသိမ်ခရိုင်  ငပု​တောမြို့နယ်၌ လူမှုဝန်ထမ်းဦးစီးဌာနမှ  MCCT အစီ အ စဉ် ​ထောက်ပံ့မှုများအား လွယ်ကူလျှင်မြန် ချော​မွေ့စွာထုတ်ယူနိုင်ရန် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ယ​နေ့နံနက် ၁၀ နာရီ  ၃၀ မိနစ် အချိန်က ငပု​တောမြို့ နယ် မိုးလုံလေလုံ အားကစားခန်းမတွင် MCCT အစီအစဉ်အတွက် ဆင့်ပွားသင်တန်းဖွင့်လှစ်ပို့ချခဲ့​ကြောင်း သိရသည်။

အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ​ဒေါ်လှလှဝင်းက သင်တန်းဖွင့် လှစ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်း​ပြောကြားပြီး​နောက် ထောက်ပံ့​ငွေထုတ်ယူနိုင်သည့်နည်း လမ်း ( ၃ ) မျိုးအားလည်း​ကောင်း  အကျိုးခံစားခွင့်ရှိသူများအ​နေဖြင့် ​ထောက်ပံ့​ငွေလက်ခံမည့်နည်း လမ်းအား တိကျစွာထည့်သွင်းနိုင်ရန် ဘဏ်တွင်အ​ကောင့်ဖွင့်၍ ​ဆောင်ရွက်ပုံများကို ယခုသင်တန်း တွင် သင်ကြားပြသ​​ပေးသွားမှာဖြစ်​ကြောင်း ရှင်းလင်း​ပြောကြားပါသည်။ထို​နောက် ဒုတိယ တာဝန်ခံ ​ဒေါ်သက်သက်​ဌေးမှ လိုအပ်သည်များအား ဖြည့်စွက် ပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ နံနက်   ၁၀ နာရီ ၃၀ မိနစ် အချိန်တွင် အမျိုးသမီး​ရေးရာ(၃၂)ဦးနေ့လည် ၁ နာရီ အချိန်တွင်  ​မိခင် /က​လေး​စောင့်​ရှောက်​ရေးအသင်းဝင် (၃၀)ဦးနှင့်မွန်းလွဲ ၃ နာရီအချိန်တွင် ရပ်ကွက်​ကျေးရွာများမှ စာ​ရေးဝန်ထမ်း ( ၃၀ ) ဦး  စုစု​ပေါင်း သင်တန်းတက်​ရောက်သူ (၉၂ )ဦး တို့ အား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ (၃)ချိန်ခွဲ၍ ဖွင့်လှစ်သင်ကြား​ပေးမည်ဖြစ်​ကြောင်း မြို့ နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရသည်။ 

 နုနု​အေး ( ပြန်/ဆက် )