မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းဆောင်ရွက်
Jan 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက မြို့နေပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်၊ စာအုပ်စာပေ ချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်၊ ကျန်းမာရေးဆိုင်ရာ အသိအမြင် ဗဟုသုတများကို လက်တွေ့ဘဝတွင် အသုံးချတတ်လာစေရန် ရည်ရွယ်၍ စာရေးဆရာ ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)၏ “ပြည်သူများအတွက် ကျမ်းမာရေးဆိုင်ရာ အကြုံပြုချက် ဆောင်ပါးများ” စာအုပ်ဖြင့် ယနေ့နံနက် (၁၁:ဝဝ) အချိန်ခန့်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။