အင်္ဂပူ ဇန်နဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် (၁၀:၃၀) နာရီအချိန်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူများအသိပညာရရှိစေရန်ရည်ရွယ်ပြီး စားသုံးသူရေးရာအသိပညာပေး(Talk Show)ပြုလုပ်ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ အသိပညာပေး(Talk Show)များ၊ စာဖတ်ဝိုင်းများ၊ ကျောင်းသားကျောင်းသူများအတွက် ကဗျာရွတ်အစီအစဉ်၊ ပုံပြောအစီအစဉ်၊ ဆောင်းပါးမိတ်ဆက်အစီအစဉ်များကို ကိုဗစ်-၁၉ကာလအတွင်း Onlineမှတစ်ဆင့် အပတ်စဉ် ပြုလုပ်ပေးလျက်ရှိရာ ယခုအခါတွင် စာသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဘိုဘို မှ စားသုံးသူများ၏ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းရေး သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ မြို့နယ်အတွင်းကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း၊ ၂၀၁၉ခုနှစ် မတ်လ၁၅ရက်နေ့တွင် အတည်ပြုပြဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များအား မိမိတို့အနေဖြင့် လိုက်နာကျင့်သုံးဆောင်ရွက်ရှိကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ အသိပညာပေး(Talk Show)များ ပြုလုပ်ခြင်းဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်