မိုင်းတုံမြို့၌ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီစဉ်အတွက် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မိုင်းတုံ  ဇန်နဝါရီ   ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ အစည်းအဝေး ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီခွဲက ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ် အောက် ကလေးသူငယ်များအားငွေ ကြေးထောက်ပံ့ခြင်း အစီအစဉ်အတွက် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်း အနား ပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက အခမ်းအနားတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်အတွက် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းနှင့် ပတ်သက်၍ လိုက်နာ‌ ဆောင်ရွက်ရေးနှင့် မိမိတို့ပြုစုရမည့်စာရင်း များကို ပြုစုရာတွင် ဂရုတစ်စိုက်နဲ့ တိတိကျကျ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးစေရေးတို့ကို သင်တန်းသူ/ သင်တန်းသားများအား အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ထွေးက သင်တန်းနှင့် ပတ်သက်သည်များကို အကျယ်တစ်ဝန်း ရှင်းလင်းပြောကြားရာတွင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့ကို အပ်တိတ်ပြုလုပ်ခြင်းနှင့် ၂၀၂၂ခုနှစ် ဇန်နဝါရီ၊‌ ဖေဖော်ဝါရီ၊ မတ်လတို့ကို အသစ်‌ ကောက်ယူကာ (၆)လ ဘတ်ဂျတ်ဇယား ရေးဆွဲထားသည့် အကျိုးခံစားသူ အမည် စာရင်းသွင်းမှတ်ပုံတင်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များ၏ အမည်စာရင်းများ မကျန်ရှိစေအောင် စနစ်တကျ စီစဉ်ရေးဆွဲ ဖြည့်စွက်စေလိုကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာ အဖွဲ့နှင့် သင်တန်းသား(၂၇)ဦး စုစုပေါင်း(၄၂)ဦး တက်ရောက်သည်။ ယင်းသင်တန်းကို ၁၃-၁-၂၀၂၂ မှ ၁၈-၁-၂၀၂၂ ရက်နေ့ထိ သင်တန်းပို့ချပြီး စာရင်းကောက်ယူရမှာဖြစ်ကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်