ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန( Community Centre) တွင် ကျောင်းသား/ကျောင်းသူများ ကာယဉာဏ ဖွံ့ဖြိုးစေရန်အတွက် အားကစားလှုပ်ရှားမှုပြိုင်ပွဲများကျင်းပ

ဘားအံ    ဇန်နဝါရီ   ၁၄

ကရင်ပြည်နယ် ဘားအံမြို့တွင် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍  အားကစား လှုပ်ရှားမှု ပြိုင်ပွဲများကို ယနေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဘားအံခရိုင်လူထု အခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

ရှေးဦးစွာ ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခက်ခက်လွင်က အားကစားလှုပ်ရှားမှု ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားပြီး အားကစားလှုပ်ရှားမှုဆိုင်ရာ ကစားနည်းပြိုင်ပွဲများတွင် ဘောလုံးပစ်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ် ပြိုင်ပွဲ၊ ပဲရွက်ပြိုင်ပွဲ၊ ပဲလက်ဆင့်ကမ်းသယ်ပြိုင်ပွဲ၊ မုန့်ကိုက်ပြိုင်ပွဲနှင့် ဉာဏဖွံ့ဖြိုးစေရန်အတွက် စကားပုံဆက်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ရာ မူလွန်(၄)ကျောင်းမှ ကျောင်း သား/ကျောင်းသူများ ၃၁ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)