ထားဝယ် ဇန်နဝါရီ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် mobile ဖုန်းဖြင့် သတင်းရေးသား ရိုက်ကူးပေးပို့နည်းသင်တန်းကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သည်။
သင်တန်းတွင် ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက မိမိတို့ခရိုင်အတွင်းရှိ ဝန်ထမ်းများအနေဖြင့် ယနေ့အချိန်အခါတွင် တိုးတက်လာသည့် နည်းပညာများကို လက်လှမ်းမီ လိုက်ပါဆောင်ရွက်နိုင်စေရေးနှင့် သတင်းစီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးအတွက် သင်တန်းဖွင့်လှစ် ရခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းသည် မိမိတို့၏ နယ်မြေဒေသများ၌ သတင်းရိုက်ကူး တည်းဖြတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လွန်စွာအထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဖြူက ခရိုင်အတွင်းရှိ သင်တန်းသားမြို့နယ် ဦးစီးမှူးများနှင့် ဓာတ်ပုံကျွမ်းကျင်-၂ ဝန်ထမ်းများ၊ ဝန်ထမ်းသစ်များအား Mobile ဖုန်းဖြင့် သတင်းရေးသား ရိုက်ကူးတည်းဖြတ် ခြင်းဆိုင်ရာ ပညာရပ်များအား စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိသည်။
ကေကေအယ်လ် (ပြန်/ဆက်)