သထုံ ဖေဖော်ဝါရီ ၇
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးတို့မှ သံဃာတော်များ၊ သီလရှင် များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေးခြင်းကို ယနေ့ နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီး ခြောက်လပြည့်ပြီး သည့် သံဃာတော်များ၊ သီလရှင်များနှင့် အတူနေလူပုဂ္ဂိုလ်များ၊ ပရဟိတလူမှုကူညီရေးအဖွဲ့ဝင် များတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose အဖြစ် ရုရှားနိုင်ငံ ထုတ် Sputnik Light ကိုဗစ်ကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံပေး ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များ မြို့နယ်ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ စေတနာ့ဝန်ထမ်းများက လိုအပ်သည်တို့ ကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။
သထုံမြို့နယ်တွင် Booster Dose ထိုးနှံပေးခြင်းကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှ စတင်ကာ ဌာန ဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ သာသနာ့နွယ်ဝင် သံဃာတော်နှင့် သီလရှင်များ၊ ပရဟိတ အဖွဲ့များတို့အား သတ်မှတ်ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိပြီး ယမန်နေ့အထိ စုစုပေါင်း (၂၀၀၀) ဦးခန့်အား ထပ်ဆောင်း Booster Dose ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရ သည်။
ကိုကိုဦး(ပြန်/ဆက်)