နတ်တလင်းမြို့နယ်တွင် မီးဘေးသင့် အိမ်ထောင်စုအား ငွေနှင့် ပစ္စည်းများ ထောက်ပံ့ပေးအပ်

နတ်တလင်း ဖေဖော်ဝါရီ ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်၊ လက်ပံပင်စုအုပ်စု၊ လက်ပံပင်စုကျေးရွာတွင် မီးလောင်ကျွမ်း ပျက်စီးဆုံးရှုံး သွားသော နေအိမ်မှအိမ်ထောင်စုဝင်များကို ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦး‌ကျော်သူထိုက်၊ သာယာ၀တီမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး‌ ‌‌ဒေါ်၀င်း၀င်းမာနှင့် အဖွဲ့တို့ ပူးပေါင်း၍ လက်ပံပင်စုအုပ်စု၊ လက်ပံပင်စု ကျေးရွာတွင် ယမန်နေ့ နံနက် ၄ နာရီခွဲအချိန်က မီးလောင်ပျက်စီးခဲ့သော မီးဘေးသင့်နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂)သိန်း၊ ၎င်းနေအိမ်ရှိ မီးဘေးသင့်လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄၇၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၁၄၇၀၀)ကျပ်နှင့် ကယ်ဆယ်‌‌ရေးပစ္စည်း (၁၇)မျိုး ပါလတ်စတစ်ပုံး (၁)ပုံးတို့အား လက်ဝယ်အ‌ရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး