ကြာအင်းဆိပ်ကြီး၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စိတ်ကြိုက်ပန်းချီရေးဆွဲခြင်း ဉာဏ်စမ်းပဟေဠိ နှင့် စစ်တုရင်ထိုးပြိုင်ပွဲကျင်းပ

ကြာအင်းဆိပ်ကြီး ဖေဖော်ဝါရီ ၇

ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာ အလယ်တန်းအဆင့် စိတ်ကြိုက်ပန်းချီရေးဆွဲနှင့် ဉာဏ်စမ်းပ‌ဟေဠိနှင့် စစ်တုရင်ထိုးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပကြောင်း သိရသည်။

အဆိုပါ(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အခြေခံပညာ အလယ်တန်းအဆင့် အထက်ပါ ယင်းပြိုင်ပွဲများကို ကြာအင်းဆိပ်ကြီးမြို့‌‌ပေါ်ရှိ အခြေခံပညာ ကျောင်းများမှ အလယ်တန်း ကျောင်းသား၊ ကျောင်းသူ (၁၃)ဦးမှာ လာရောက် ယှဉ်ပြိုင်ကစားကြပြီး ဆုရရှိသည့်သူများကို ဖေဖော်ဝါရီ(၁၂)ရက်နေ့ စိန်ရတု ပြည်ထောင်စုနေ့၌ အဆိုပါဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမင်းဦး