ဓနုဖြူမြို့နယ်တွင် Book Club, Women Club အသင်းဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

ဓနုဖြူ ဖေဖော်ဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့ နံနက်(၁၀)နာရီအချိန်က Book Club ၊ Women Club အသင်းဝင်များနှင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာဖေမြင့် ရေးသားသော ‘‘အပြောင်မြောက်ဆုံး ဘဝတစ်ခု တည်ဆောက်ခြင်း’’ စာအုပ်အား စာဖတ်ဝိုင်းဆောင်ရွက်ရာ Book Club အသင်းမှ ဒေါ်ညိုညိုတင်က ‘‘အလုပ်ကိုမကြောက်သည့်စိတ်’’ ခေါင်းစဉ်အား ဆွေးနွေးပြီး ဒေါ်ယဉ်မင်းခိုင်မှ ‘‘ကျားကုတ်ကျားခဲစိတ်ဓာတ်’’ ခေါင်းစဉ်အား ဆွေးနွေးခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းသို့ Book Club အသင်းဝင်များနှင့် Women Club အသင်းဝင်များ စုစုပေါင်း(၇)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)