သတင်းများ

ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ပြည်သူများအား နေ့စဉ်ကျန်းမာရေး စောင့်ရှောက် ပေးလျက်ရှိ
May 02,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဒေသခံပြည်သူများသာမက ရပ်နီးရပ်ဝေးမှ ပြည်သူများအား ကျန်းမာရေးနှင့် ကုသရေးဆိုင်ရာကိစ္စရပ်များ၊ အရေးပေါ် လူနာများအား အရေးပေါ်ကုသရေးခန်းတွင် ဆရာဝန်ကြီး၊ သက်ဆိုင်ရာဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများက နေ့စဉ် နေ့/ည ၂၄ နာရီ ဖွင့်လှစ်၍ ကုသစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ မဟာအောင်မြေမြို့နယ်ရှိ  မဟာဝိဇယ ကျောင်းတိုက်မှ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်း
May 02,2021
မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ မန္တလေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များအား နေ့ဆွမ်းများ ဆပ်ကပ်လှူဒါန်းလျက်ရှိရာ မေလ(၂)ရက်နေ့တွင် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၂)ရပ်ကွက်၊ လမ်း ၆၀၊ ၄၀×၄၁ လမ်းကြားရှိ မဟာဝိဇယ ကျောင်းတိုက်ရှိ သံဃာတော်များအား  အောင်သံသာရတနာ ကျောင်းဆောင်တွင် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ခရိုင်ပေါင်းစုံအသက်(၂၁)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ၊ ပြိုင်ပွဲဝင်အသင်းများအား တွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေများပေးအပ်
May 02,2021
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက်(၂၁)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲကို မေ ၃ ရက်တွင် စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ယနေ့နံနက် ၇ နာရီခွဲတွင် ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်း ပြိုင်ပွဲဝင်အသင်းများအား သွားရောက်တွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
မြိတ်မြို့တွင် ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
May 02,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပိုက်ကျော်ခြင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ် ပိုက်ကျော်ခြင်းအားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် T.S.D.P အစီအစဉ်ဖြင့် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေပိုင်းက မြိတ်ခရိုင် အားကစား ခန်းမတွင် ကျင်းပခဲ့သည်။
မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက် ၂၁ နှစ်အောက် မြို့နယ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
May 02,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက် ၂၁ နှစ်အောက် မြို့နယ်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက မြို့မဘောလုံးအားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်၌ နွေနှမ်း ၇၆၉ ဧကနှင့် နွေစပါး ၉၅ ဧက စိုက်ပျိုးပြီးစီး
May 02,2021
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံဆည်နှင့် ရင်းရှည်ဆည်တို့မှ ပို့လွှတ်သောရေတို့ဖြင့် နွေနှမ်းစိုက်ပျိုးရန် ၁၁၅၀ ဧကလျာထားခဲ့ရာ ယနေ့တွင် နွေနှမ်း ၇၆၉ ဧကနှင့် နွေစပါး ၉၅ ဧကစိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း ငဖဲမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးမှ သိရသည်။
မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ပြည်သူများအား နေ့စဉ်ကျန်းမာရေးစောင့်ရှောက်မှုများ လက်ခံကုသပေးလျက်ရှိ
May 02,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးတွင် မတ်လ ၁၉ ရက်နေ့မှစတင်၍ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆေးရုံအုပ်ကြီး၊ လက်ထောက်ဆရာဝန်များနှင့် သူနာပြုဆရာမများဖြင့် နေ့စဉ် နေ့/ည (၂၄)နာရီဖွင့်လှစ်၍ ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို  လက်ခံကုသပေးလျက်ရှိသည်။
ကျောက်ဖြူမြို့နယ်တွင် စီးပွားဖြစ်မွေးမြူလျက်ရှိသည့် ကဏန်းပျော့လုပ်ငန်းမှာ အထူးအောင်မြင်ပြီး  ပြည်ပဈေးကွက်ထိတင်ပို့ရောင်းချ
May 02,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကွင်းအမှတ် ၄၆၈၊ သပြုတောင်ပေါ်ကွင်းတွင် ရေလှောင် ကန်များဖြင့် မွေးမြူထားရှိသည့် ကဏန်းပျော့မွေးမြူရေးလုပ်ငန်းမှာ အထူးအောင်မြင်ပြီး ယခုအခါ ၎င်းပင်လယ်စာ ရေထွက်ကုန်ကဏန်းပျော့ကို ပြည်ပဈေးကွက်အတွင်းသို့ ဖြန့်ဖြူးတင်ပို့ရောင်းချနေ ပြီဖြစ်ကြောင်း မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။