သတင်းများ

ညောင်ရွှေမြို့၊ အခြေခံပညာမူလတန်းကျောင်းများ၌ အသိပညာပေး နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်
Jan 20,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် အခြေခံပညာကျောင်းသား/ကျောင်းသူလေးများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုး ပွားလာစေရန်၊ စာဖတ်ခြင်း အလေ့အထကောင်းများ ရရှိလာစေရန်နှင့် မှတ်ဉာဏ်စွမ်းရည် တိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်ဦးစီးမှူး ဦးနေမျိုးသူရိန်နှင့် ဝန်ထမ်းများသည် အခြေခံပညာ ကျောင်းများသို့ သွားရောက်၍ ဟောပြောပွဲများဆောင်ရွက်ခြင်း၊ နယ်လှည့်စာကြည်တိုက်ဖွင့်လှစ်ခြင်း၊ နံရံကပ်စာစောင်များပြသခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် (၉) နာရီခွဲက ညောင်ရွှေမြို့၊ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ်၌ ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရန် ကျေးရွာများ အရောက် Mobile စနစ်ဖြင့် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 20,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံပြီးသည့် ဒေသခံ ပြည်သူများကို ယမန်နေ့ နံနက်ပိုင်းက ဆေးထိုးစုရပ်(၂)နေရာနှင့် ကျေးရွာများ အရောက် Mobile စနစ်ဖြင့် ကျန်းမာရေး ဝန်ထမ်းများက သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဆက်လက်ထိုးနှံ ဆောင်ရွက် ပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါပိုးတွေ့အတည်ပြုလူနာသိသိသာသာလျော့နည်းလျက်ရှိ
Jan 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ဇန်နဝါရီလ ၁၉ရက်နေ့က ကိုဗစ်−၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ မတွေ့ရှိရကြောင်းနှင့် ရောဂါပိုးတွေ့မှုနှုန်း သိသိသာသာ လျော့နည်းလာလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
သရက်မြို့၌ (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာပေချစ်မြတ်နိုးသူများ စာဖတ်ဝိုင်း ပြုလုပ်
Jan 20,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ယနေ့ နံနက် ၉ နာရီက (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာဖတ်ဝိုင်းကို စာပေချစ်မြတ်နိုးသူများအဖွဲ့က စာရေးဆရာနိုင်မြင့်၏ “ ရွက်ဖျင်တဲ အခိုးခံလိုက်ရပြီ ” ရသစာတမ်းစုစည်းမှု စာအုပ်ကို စာဖတ်ဝိုင်းကျင်းပ ခဲ့ကြောင်း သိရသည်။
ထား၀ယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် “(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ်” အကြို စာစီစာကုံးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲကစားနည်းများ၊ စာအုပ်စာစောင်နှင့်နံရံကပ်ဓာတ်ပုံပြပွဲကျင်းပ
Jan 20,2022
ထားဝယ်ခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်“(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်” အကြိုစာစီစာကုံးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲကစားနည်းများ၊ စာအုပ်စာစောင်နှင့်နံရံကပ် ဓာတ်ပုံပြပွဲကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ကျင်းပသည်။
ရပ်စောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jan 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရမည်းသင်းမြို့နယ် ဆည်ကြီးကျေးရွာတွင် ဆောင်းနေကြာ စိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်း
Jan 20,2022
မန္တလေးတိုင်းဒေသကြီး ရမည်းသင်မြို့နယ်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သော ဆောင်းနေကြာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နေကြာခူးဆွတ်သိမ်းဆည်းချိန်တွင် နေကြာစေ့ရဖို့ သေချာသလောက် ရှိနေပြီဖြစ်ကြောင်း ဆည်ကြီးကျေးရွာ ဆောင်းနေကြာစိုက်ပျိုး တောင်သူ ဦးစိန်မောင်က ပြောကြားသည်။