သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါပိုးတွေ့အတည်ပြုလူနာသိသိသာသာလျော့နည်းလျက်ရှိ

သီပေါ ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ဇန်နဝါရီလ ၁၉ရက်နေ့က ကိုဗစ်−၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ မတွေ့ရှိရကြောင်းနှင့် ရောဂါပိုးတွေ့မှုနှုန်း သိသိသာသာ လျော့နည်းလာလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

ဇန်နဝါရီလ ၁၉ရက်နေ့က သီပေါမြို့နယ် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် Positive လူနာများနှင့် ထိတွေ့ခဲ့သူများ၊ ဖျားနာသူများ(၃)ဦးအား COVID-19 Antigen RDT  Test Kit ဖြင့် ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိရကြောင်း သိရသည်။

သီပေါမြို့နယ်တွင် ယနေ့နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာပေါင်း (၁၇၅၀)ဦးရှိပြီး၊ သေဆုံးသူ(၁၀၁)ဦးဖြစ်ကြောင်းနှင့် လက်ရှိမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသူ (၁)ဦးသာကျန်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန မှသိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)