တောင်တွင်းကြီး ဇန်နဝါရိ ၂၀
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံပြီးသည့် ဒေသခံ ပြည်သူများကို ယမန်နေ့ နံနက်ပိုင်းက ဆေးထိုးစုရပ်(၂)နေရာနှင့် ကျေးရွာများ အရောက် Mobile စနစ်ဖြင့် ကျန်းမာရေး ဝန်ထမ်းများက သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဆက်လက်ထိုးနှံ ဆောင်ရွက် ပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရေးအတွက် ဆေးထိုးစုရပ် (၂)နေရာခွဲ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် ဂုံညင်းတန်းကျေးရွာ၊ ချောင်းနက်ကျေးရွာတို့တွင် ကျန်းမာရေး ဝန်ထမ်းများက သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စနစ်တကျထိုးနှံ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရပြီး ကာကွယ်ဆေး လာရောက်ထိုးနှံကြသူများ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း (Volunteer)အဖွဲ့ဝင်များက လိုအပ်သည်များကို ပူးပေါင်းကူညီ ဆောင်ရွက် ပေးနေကြောင်းလည်း သိရသည်။ ဆေးထိုးစုရပ်(၂)နေရာတွင် Mobile စနစ်ဖြင့် ကာကွယ်ဆေး လာရောက် ထိုးနှံမှုအနေဖြင့် ဒုတိအကြိမ်ကာကွယ်ဆေး လာရောက်ထိုးနှံ သူဦးရေ(၂၅၀၀ )ဦးရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းပပျောက်စေရေးအတွက် ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများအား သတ်မှတ်ဆေးထိုးစုရပ်များတွင် မဖြစ်မနေ ကာကွယ်ဆေး သွားရောက် ထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က အသံချဲ့စက်ဖြင့် နေ့စဉ်အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်းထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)