ရပ်စောက် ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆုမွန်ထွန်း က ကျောင်းသားလူငယ်များအား အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ စာဖတ်သည့် အလေ့ အကျင့်ကောင်းများ ရရှိစေရန်၊ ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာပေကိုမြတ်နိုး တန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ကျင်းပပြုလုပ် ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် အငြိမ်းစားကျောင်းဆရာမ ဒေါ်ကြည်ဌေးက စာရေးဆရာ လယ်တွင်း သား စောချစ်ရေးသားသည့် “ပန်းလိုချင် အပင်ပျိုးတတ်မှ” စာအုပ်မှ “မိဘဆရာပူးပေါင်း ကလေးပညာကောင်း” ဟူသည့် ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ အငြိမ်းစား ကျောင်းဆရာမ ဒေါ်ကြည်ဌေးမှ ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာမ(၁)ဦးနှင့် သတ္တမတန်းကျောင်းသူ(၅)ဦး၊ အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်းမှ ဆရာမ(၃)ဦးနှင့် သတ္တမတန်းကျောင်းသူ(၅)ဦး တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)