ရမည်းသင်း ဇန်နဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး ရမည်းသင်မြို့နယ်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သော ဆောင်းနေကြာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နေကြာခူးဆွတ်သိမ်းဆည်းချိန်တွင် နေကြာစေ့ရဖို့ သေချာသလောက် ရှိနေပြီဖြစ်ကြောင်း ဆည်ကြီးကျေးရွာ ဆောင်းနေကြာစိုက်ပျိုး တောင်သူ ဦးစိန်မောင်က ပြောကြားသည်။
အဆိုပါ ဆီးထွက်သီးနှံများဖြစ်သည့် ဆောင်းနေကြာကို တစ်ဧကခွဲစိုက်ပျိုးထားရှိပြီး စိုက်ပျိုးပြီး (၁၉)ရက်သားလောက်မှာ သားခွဲးပေးကာ ရေလောင်းခြင်းအားဆေး၊ ပိုးသတ်ဆေးများပတ်ဖျန်း ပေးရကြောင်း နေကြာသက်တမ်း သုံးလကြာလျှင် ရင့်မှည့်ခူးဆွတ်ကြရပြီး ထွက်ရှိလာသည့် နေကြာများကို ဆီအဖြစ်ကြိတ်ကာ နေကြာဆီအဖြစ် မိမိတို့နေအိမ် မိသားစုစားသုံးဆီ အပြင် ပြန်လည်ရောင်းချရင်လည်းနေကြာဆီ ပိဿာချိန်(၁၀)ကို (၇၅၀၀၀)စျေးရရှိပြီး တစ်ပိဿာလျင် (၇၅၀၀)ဖြင့် ရောင်းချရတယ် ဆီသန့်တဲ့အတွက် ရသလောက်ဝယ်မဲ့သူရှိတယ် ယခုနှစ်မှာ ဆောင်းနေကြာ အောင်မြင်ဖြစ်ထွန်းပြီး ဆောင်းနေကြာ ခူးဆွတ်ခြွေချိန် နေကြာစေ့သေချာပေါက် အထွက်များနိုင်ပါတယ်ဟု ဆည်ကြီးကျေးရွာမှ ဆောင်းနေကြာ စိုက်ပျိုးတောင်သူထံက သိရသည်။
ခရိုင်(ပြန်/ဆက်)