သတင်းများ

မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးသို့ ဥပဒေစာအုပ်များ လာရောက်လှူဒါန်း
Jan 20,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသို့ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်ဥပဒေရုံးမှ ဦးစီးအရာရှိ ဦးကောင်းဆက်ဟိန်းက ဥပဒေစာအုပ်များ လာရောက် လှူဒါန်းခဲ့သည်။
တာချီလိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း အိုမီခရွန်ကာကွယ်ရန် အသိပညာပေး လှည့်လည်နှိုးဆော်
Jan 20,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်း အိုမီခရွန် ကြိုတင် ကာကွယ် နိုင်ရေးအတွက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၇ နာရီခွဲက မြို့ပေါ်ရပ်ကွက်အတွင်း လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်
Jan 20,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်း ကို ယမန်နေ့ နံနက်ပိုင်းက မန်မိုင်ရပ်ကွက်နှင့် ကျေးရွာများသို့ လှည့်လည်၍ တိုက်တွန်းနှိုးဆော်ခဲ့ ကြောင်း သိရသည်။
မလှိုင်မြို့နယ်(ပြန်/ဆက်ရုံး)၌ နံ့သာပန်းခင်း စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Jan 20,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုခန်းမတွင် စာပေဝါသနာရှင်များစုပေါင်း၍ နံ့သာပန်းခင်း စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည် ။ 
သာစည်မြို့နယ်တွင် ပန်းခင်းစီမံချက် ၉၁ ရာခိုင်နှုန်းကျော်ဆောင်ရွက်ပြီးဖြစ်၊ ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ကွင်းဆင်းဆောင်ရွက်လျက်ရှိ
Jan 20,2022
မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန    မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို ဆက်လက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့အထိ ပန်းခင်းစီမံချက် ၉၁ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီး ဖြစ်ကြောင်းနှင့် ရာနှုန်းပြည့် ပြီးစီးရေး ဆက်လက်ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါပိုး ကူးစက်မှုမှကာကွယ်ရန် တိုင်းရင်းသားဘာသာဖြင့် အသိပညာပေးနှိုးဆော်
Jan 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါပိုး ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများကို ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  
ပျော်ဘွယ်မြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများ စစ်တုရင်ပြိုင်ပွဲကျင်းပ
Jan 20,2022
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ထက်မြက်စေရန် ရည်ရွယ်၍ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သည့် စစ်တုရင် ပြိုင်ပွဲကို ယနေ့ မွန်းလွဲ(၁၀)နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နယ်လှည့်စာကြည့်တိုက်နှင့် အသိ ပညာပေး လုပ်ငန်းများအား  ကွင်းဆင်းဆောင်ရွက်
Jan 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က နယ်လှည့်စာကြည့်တိုက် နှင့် အသိပညာပေးလုပ်ငန်းများကို ဟဲဟော်ကျေးရွာ အခြေခံပညာ မူလတန်းစာသင်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။