သရက် ဇန်နဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ယနေ့ နံနက် ၉ နာရီက (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာဖတ်ဝိုင်းကို စာပေချစ်မြတ်နိုးသူများအဖွဲ့က စာရေးဆရာနိုင်မြင့်၏ “ ရွက်ဖျင်တဲ အခိုးခံလိုက်ရပြီ ” ရသစာတမ်းစုစည်းမှု စာအုပ်ကို စာဖတ်ဝိုင်းကျင်းပ ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဆွေက စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး Book club အဖွဲ့ဝင်များ ဖြစ်သည့် ဦးမြင့်သိန်းနှင့် ဦးမြင့်ဆွေ၊ ဒေါ်နုနုအေးတို့က စာရေးဆရာ၏ တင်ပြမှုအပေါ် စာဖတ်သူ၏ အမြင်၊ ရရှိသည့်အကျိုးကျေးဇူးတို့ကို ဆွေးနွေး ခဲ့ကြသည်။
ဆက်လက်၍ စာချစ်သူများ အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက ဆွေးနွေးချက်များကို သုံးသပ်ရှင်းလင်း ပြောကြားပြီး အတွေးအမြင်များ ကိုဖလှယ်ခဲ့ကြကြောင်း သိရသည်။
ဇော်ထက်(သရက်)