သတင်းများ

ကြံခင်းမြို့ရှိ အသက်(၁၈)နှစ်နှင့်အထက် ရဟန်း၊ သံဃာ၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမ)အကြိမ်ထိုးနှံပေး
Jan 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် တစ်ကြိမ်တခါမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးရသေးသော ရဟန်း၊ သံဃာ၊ ပြည်သူများကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ကြံခင်းမြို့ သာသနာ့ဗိမာန် ဆေးထိုးစုရပ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမ)အကြိမ် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရှားတောမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်အသိပေးနှိုးဆော်
Jan 20,2022
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးကွသစ် အိုမီခရွန်ရောဂါ ကူးစက် မှုမှ ကာကွယ်နိုင်ရန်နှင့် ညွှန်ကြားချက်များအား ပိုမိုသိရှိလိုက်နာနိုင်ရန် ရည်ရွယ်၍ ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်အသိပေး နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်(၁၁)နာရီအချိန်၌ တောင်ပိုင်းရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။
ဖျာပုံမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းအိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ထပ်မံတွေ့ရှိမှုများကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်မှု မရှိစေရေး ကြိုတင်ကာကွယ်သတိပြုနိုင်ကြစေရန်အတွက် အသိပညာပေးနှိုးဆော်ကြေညာခြင်းကို ဖျာပုံခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့နံနက်(၉) နာရီအချိန်က Hand Speaker ဖြင့် မြို့ပေါ်ရပ်ကွက်အချို့တွင် အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
လောင်းလုံးမြို့နယ်တွင် အသက်(၁၈)နှစ် နှင့် အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 20,2022
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ အသက် (၁၈) နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရ သေးသော ပြည်သူများနှင့် (ဒုတိယအကြိမ်) ထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန် ခန့်တွင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများကလောင်းလုံး မြို့နယ်ခန်းမ၌ စနစ်တ ကျထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ် ပန်းခြံတောင်ဘက် အုတ်ရေမြောင်း ပြုပြင်ဆောက်ရွက်နေမှုအား စစ်ဆေး
Jan 20,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် ၂၀၂၁ -၂၀၂၂ဘဏ္ဍာနှစ် ၊(၆)လ ဘတ်ဂျက်ဖြင့် ဆောင်ရွက်နေသည့် မြသီတာပန်းခြံ တောင်ဘက် အုတ်ရေမြောင်း ပြန်လည်ပြုပြင်နေမှုအား ယနေ့နံနက် (၁၀) နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်တွင် စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ပေး
Jan 20,2022
ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအနေဖြင့် အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချ တတ်ရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြှင့်မားလာစေရန်၊ ကိုယ်ပိုင်တီထွင် တတ်သည့် အတွေးအခေါ်များ ရှိစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တံတားဦးမြို့ စေတနာရှင်လူမှုကူညီရေးအသင်းသို့ အလှူငွေများ နှင့်အောက်ဆီဂျင်အိုးများလှူဒါန်း
Jan 20,2022
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့ စေတနာရှင် လူမှုကူညီရေးအသင်းသို့ အလှူငွေများနှင့် အောက်ဆီ ဂျင်များ လှူဒါန်းကို ယနေ့နံနက်ပိုင်းက လူမှုကူညီရေးအသင်းရုံးသို့ အလှူရှင်များက အသီးသီးလာရောက် လှူဒါန်းကြကြောင်း သိရသည် ။
ဗန်းမော်မြို့၌ စာဖတ်ခြင်းဆိုင်ရာ Online မှ အသိပညာပေးဟောပြောပွဲကျင်းပ
Jan 20,2022
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထူအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကိုဗစ်ကာလဖြစ်သည့်အတွက် အွန်လိုင်းမှတဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီခန့်က စာဖတ်ခြင်း ဆိုင်ရာ Online မှ အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။