သတင်းများ

ကန်ကြီးထောင့်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အကြိုအားကစားပြိုင်ပွဲများကျင်းပ
Jan 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီကကျင်းပရာ အမှတ်(၃)ရပ်ကွက်၊ မြို့သစ်အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ထားဝယ်မြို့တွင် ရှေးဦးပြုစုခြင်းနည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Jan 20,2022
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ တနင်္သာရီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြီးမှူးကျင်းပသော ရှေးဦးပြုစုခြင်း နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၃၀ မိနစ် က ထားဝယ်မြို့၊ ကွန်ပျူတာတက္ကသိုလ်(ထားဝယ်) ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။
တံတားဦးမြို့ အမက-ဆုံကုန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး ပညာပေးဟောပြောပွဲ လုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Jan 20,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိပြီး အသိပညာဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ အခြေခံပညာကျောင်းများသို့ ကွင်းဆင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး ပညာ ပေးဟောပြောပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ အမက-ဆုံကုန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။
တုံတာမြို့၌ ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုး ကြိုတင်ကာကွယ်ရေးများ တိုင်းရင်းသားဘာသာဖြင့် အသိပညာပေးနှိုးဆော်
Jan 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အသိပညာ‌ပေးနှိုးဆော်ခြင်းကို ဇန်နဝါရီလ ၂၀ရက်နေ့ နံနက် ၉နာရီ အချိန်ခန့်က လှည့်လည်နှိုးဆော်ခဲ့သည်။
ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများ အသိပညာပေးနှိုးဆော်
Jan 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ မျိူးဗီဇပြောင်း အိုမီခရွန် (Omicron)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများ အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်(၁၀) နာရီကအသိပညာပေးနှိုးဆော်ခဲ့သည်။
စဉ့်ကိုင်မြို့နယ်၌ မြို့နယ်ခန်းမ ပန္နက်တင် မင်္ဂလာအခမ်းအနားကျင်းပ
Jan 20,2022
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်  မြသီတာပန်းခြံ၀င်း   အတွင်းရှိသတ်မှတ်ထားသော ခန်းမမြေနေရာတွင်   တိုင်းဒေသကြီး ဖွံ့ဖြိုးရေးထောက်ပံ့ ရန်ပုံငွေဖြင့်   မင်္ဂလာအချိန်ဖြစ်သော  ယနေ့  နံနက်(၉)နာရီခွဲက  မြို့နယ်ခန်းမ  ပန္နက်တင် မင်္ဂလာအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ကသာမြို့၌ ကျောင်းသား၊ ကျောင်းသူပေါင်း(၃၂၁၀)ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးဖြစ်
Jan 20,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ ဇန်နဝါရီလ(၁၈)ရက်နေ့အထိတွင် မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူပေါင်း (၃၂၁၀)ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်အထိ ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။