ညောင်ရွှေ ဇန်နဝါရီ ၂၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် အခြေခံပညာကျောင်းသား/ကျောင်းသူလေးများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုး ပွားလာစေရန်၊ စာဖတ်ခြင်း အလေ့အထကောင်းများ ရရှိလာစေရန်နှင့် မှတ်ဉာဏ်စွမ်းရည် တိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်ဦးစီးမှူး ဦးနေမျိုးသူရိန်နှင့် ဝန်ထမ်းများသည် အခြေခံပညာ ကျောင်းများသို့ သွားရောက်၍ ဟောပြောပွဲများဆောင်ရွက်ခြင်း၊ နယ်လှည့်စာကြည်တိုက်ဖွင့်လှစ်ခြင်း၊ နံရံကပ်စာစောင်များပြသခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် (၉) နာရီခွဲက ညောင်ရွှေမြို့၊ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ပထမဦးစွာ မြို့နယ်ဦးစီးမှူးက နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်နှင့် နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်း သူလေးများအတွက် နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးခြင်း၊ မှတ်ဉာဏ်စွမ်းရည် အထောက်အကူပြု ဂိမ်းကစားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် နေ့လယ် (၁) နာရီခွဲတွင် အမှတ်(၅)အခြေခံပညာ မူလတန်းလွန်ကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့် တိုက်ဖွင့်လှစ်ခြင်း၊ ကျောင်းသား၊ ကျောင်းသူလေးများနှင့် မှတ်ဉာဏ်စွမ်းရည် အထောက်အကူပြု ဂိမ်းကစားခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ