မလှိုင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား( ၉၈) ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီး
Jan 21,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိတ္ထီလာခရိုင် ဦးစီးမှူးဒုတိယညွှန်ကြားရေး မှူး ဒေါ်အုန်းသန်းသည် မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး ဌေးသန်း၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူး ထိန်လင်းမောင်၊ အဖွဲ့ဝင်(၂) ဦးအောင်ကျော်သူနှင့် တာဝန်ရှိသူများ လိုက်ပါလျှက် လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မလှိုင်မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အမှတ်(၂)၊ အမှတ်(၃) ရပ်ကွက်နှင့်ကုန်းတဲ ကျေးရွာများသို့ နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိရေး ကွင်းဆင်း ဆောင်ရွက်ပေးနေမှုကို ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးအားပေးခဲ့ကြောင်း သိရသည်။