ထား၀ယ် ဇန်နဝါရီ ၂၀
ထားဝယ်ခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်“(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်” အကြိုစာစီစာကုံးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲကစားနည်းများ၊ စာအုပ်စာစောင်နှင့်နံရံကပ် ဓာတ်ပုံပြပွဲကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ကျင်းပသည်။
ကျောင်းသား/သူများအနေဖြင့် မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များ၊ သမိုင်းအစဉ်အလာများကိုသိရှိ နားလည်၍ အနာဂတ်တွင် တန်ဖိုးထားတတ်ကြစေရန်၊ အသိပညာဗဟုသုတကြွယ်ဝပြီး မျိုးဆက်သစ်လူ ရည်ချွန်များထွက်ပေါ်လာစေရန်၊ အာရုံစူးစမ်းလေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှု ရရှိလာ စေရန် ရည်ရွယ်၍ပြုလုပ်ကျင်းပခြင်းဖြစ်သည်။
ထို့နောက်ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေး မှူးဒေါ်ခင်မာဖြူက တစ်ပြည်ထောင်လုံးက တိုင်းရင်းသားပေါင်းစုံ၏ သွေးစည်းညီညွတ်မှုကိုပြသနိုင်ခဲ့သောနေ့ကို ပြည်ထောင်စုနေ့ဟု ခေါ်ဝေါ်သမုတ်ခဲ့ကြကြောင်း၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကိုပြည်ထောင်စုနေ့ဟု မြန်မာနိုင်ငံတော်အစိုးရက အသိအမှတ်ပြုပြီး အများပြည်သူရုံးပိတ်ရက်ဟု သတ်မှတ်ထားခဲ့ ကြောင်း၊ ပြည်ထောင်စုနေ့အခမ်းအနားကို တိုင်းဒေသကြီး/ပြည်နယ်များတွင် နှစ်စဉ်ကျင်းပလျက်ရှိ ကြောင်း၊ ကျောင်းသား/သူများအနေဖြင့် လည်းမြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်းကိုလည်း လေ့လာသိရှိထားရန် လိုအပ်ကြောင်း ပြောကြားသည်။
ပြိုင်ပွဲတွင်အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက ပြည်ထောင်စုနှင့် လူငယ်တာဝန် ခေါင်းစဉ်ဖြင့် စာစီစာကုံးကို စိတ်ပါဝင် စားစွာရေးသားယှဉ်ပြိုင်နေမှု ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းသား/သူများက ပျှော်ပွဲရွှင်ပွဲများဖြစ်သော ခြေနင်းကစားနည်း၊ စားလုံးသတ်ပုံရွေးကစားနည်း၊ ပူစီဖောင်းညှပ်ကစားနည်းများ ပျှော်ရွှင်စွာကစားခဲ့ကြသည်။
ထို့နောက် ဝန်ထမ်းများက လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့်ဦးတည်ချက် (၉)ရပ်နံရံကပ်မှတ်တမ်း ဓါတ်ပုံများ၊ စာအုပ်စာစောင်များအား ခင်းကျင်းပြသထားရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါ ဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြသည်။
ကျောင်းသား/သူများ၏စာစွစာကုံးရလဒ်အမှတ်များနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားများကို ဇန်နဝါရီ ၂၁ ရက်နေ့နံနက်ပိုင်း တွင်ကျင်းပမှာဖြစ်ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက ကျောင်းသား/သူများအနေဖြင့်ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့်အကြောင်းအရာအချက်အလက်များကို မေ့ပျောက် မသွားစေရန်နှင့် ယခုလိုပြိုင်ပွဲများကို ဆက်တိုက်ပြုလုပ် ပေးသွားရန်ရှိကြောင်းတို့ကို ပြောကြားခဲ့ကြောင်း သိရသည်။
ကေကေအယ်လ်(ထားဝယ်)