တာချီလိတ် ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ် နိုင်ရေးအတွက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၇ နာရီခွဲက မြို့ပေါ်ရပ်ကွက်အတွင်း လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပေးနိုးဆော်ရာတွင် “ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန် ကူးစက်ပျံ့နှံ့မှု သည် ရက်ပိုင်းအတွင်း နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်း၊ အိုမီခရွန် မျိုးကွဲသစ်သည် မူလ ကိုဗစ်-၁၉နှင့် လုံးဝမတူတော့ခြင်း၊ လက်ရှိကာကွယ်ဆေးများ၏ ထိရောက်မှု လျော့ကျနိုင်ခြင်း၊ ယခင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ဖူးသူ များလည်း ထပ်မံဖြစ် ပွားနိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမို မြန်ဆန်ခြင်းတို့ကြောင့် ပြည်သူလူထုအနေဖြင့် လူစုလူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲ မသွားမလာခြင်း၊ ပြင်ပထွက်တိုင်း mask တပ်ခြင်း၊ လက်ကို စနစ်တကျ မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေထိုင်ခြင်းစသော ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို အလေးထား လိုက်နာပြီးကာကွယ်ကြရန်” လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
ယာဆေး(ပြန်/ဆက်)