ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နယ်လှည့်စာကြည့်တိုက်နှင့် အသိ ပညာပေး လုပ်ငန်းများအား  ကွင်းဆင်းဆောင်ရွက်

ကွမ်းလုံ ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က နယ်လှည့်စာကြည့်တိုက် နှင့် အသိပညာပေးလုပ်ငန်းများကို ဟဲဟော်ကျေးရွာ အခြေခံပညာ မူလတန်းစာသင်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကျောင်းသား/ကျောင်းသူများအား စာဖတ်ခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား/ကျောင်းသူများက နယ်လှည့်စာကြည့်တိုက်တွင် စာအုပ်စာစောင်များအား  အခမဲ့ ငှားရမ်းဖတ်ရှု၍ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး နံရံကပ်ဓာတ်ပုံ ပြသထားရှိမှုအား ကြည့်ရှုခဲ့ ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)