ပျော်ဘွယ်မြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများ စစ်တုရင်ပြိုင်ပွဲကျင်းပ

ပျော်ဘွယ် ဇန်နဝါရီ  ၂၀

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ထက်မြက်စေရန် ရည်ရွယ်၍ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သည့် စစ်တုရင် ပြိုင်ပွဲကို ယနေ့ မွန်းလွဲ(၁၀)နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ယနေ့ကျင်းပပြုလုပ်ပေးတဲ့ စစ်တုရင်ပြိုင်ပွဲက ကျောင်းသား၊ ကျောင်းသူလေးတွေကို စဉ်းစားတွေး ခေါ်တတ်တဲ့ အလေ့အကျင့်ကောင်းတွေရရှိဖို့၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေဖို့၊ အားကစား ကဏ္ဍတွေထဲက မိမိကြိုက်နှစ်သက်တဲ့ အားကစားနည်းအပေါ်မှာ ပိုမိုထူးချွန်တဲ့သူတွေဖြစ်စေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပပြုလုပ် ပေးခြင်းဖြစ်ပါတယ်ဟု မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ရှင်းပြသည်။

အဆိုပါပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ (၁၂)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)