မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးသို့ ဥပဒေစာအုပ်များ လာရောက်လှူဒါန်း

နတ်မောက်  ဇန်နဝါရီ  ၂၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသို့ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်ဥပဒေရုံးမှ ဦးစီးအရာရှိ ဦးကောင်းဆက်ဟိန်းက ဥပဒေစာအုပ်များ လာရောက် လှူဒါန်းခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် နည်းဥပဒေ၊ အမိန့်နှင့်ကြေညာချက်များစာအုပ်၊ ဥပဒေပညာ ဂျာနယ်စာအုပ်၊ ပစ္စည်း လွှဲပြောင်းခြင်းအက်ဥပဒေစာအုပ်၊ MYANMAR LAWS စာအုပ်များ၊ မျှတသော တရားစီရင်ရေး ဆိုင်ရာစံနှုန်းများစာအုပ်၊ သယ်ယူပို့ဆောင်ရေးများ အက်ဥပဒေ၊ ကျမ်းသစ္စာအက်ဥပဒေ၊ သီးခြားသက်သာခွင့် အက်ဥပဒေစာအုပ်၊ အတိုးခံစားခွင့်အက် ဥပဒေစာအုပ်စသည့် ဥပဒေစာအုပ်ပေါင်း (၁၅)အုပ်အား မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လက်ခံရယူခဲ့ပြီး အများပြည်သူများ ဖတ်ရှုလေ့လာနိုင်ရန်အတွက် မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် စင်တင်ထားရှိမည်ဖြစ်ပြီး စာပေဝါသနာ ပါသူများအား အခမဲ့ပြန်လည်ငှားရမ်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သင်းသင်းမြတ်