မလှိုင်မြို့နယ်(ပြန်/ဆက်ရုံး)၌ နံ့သာပန်းခင်း စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

မလှိုင်  ဇန်နဝါရီ  ၂ဝ

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုခန်းမတွင် စာပေဝါသနာရှင်များစုပေါင်း၍ နံ့သာပန်းခင်း စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည် ။ 

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာပေဝါသနာရှင် ဦးသန်းလွင်ကစာရေးဆရာ မောင်ရင့်ကျူး (မြောင်းမြ)၏ စောင့်လေမျိုးနွယ်နှင့် အမျိုးသားယဉ်ကျေးမှုစာအုပ်ပါ ဆောင်းပါးများကို ခြုံငုံဆွေးနွေးခဲ့ပြီး စာပေဝါသနာရှင် ဦးဝင်းညွန့်က ဟိရိသြတ္တပ္ပတရားနှင့် မြန်မာ့ယဉ်ကျေးမှုအမွေ ဆောင်းပါးပါအကြောင်းအရာများကို ဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်(ပြန်/ဆက်) ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ဆွေဆွေမြင့်က ပျက်စီးခြင်းတရား(၅)ပါး၊ လူငယ်များ စိတ်ယဉ်ကျေးမှုနှင့် ရုပ်ကိုလည်းပြင် စိတ်လည်းပြင် ဆောင်းပါးပါအကြောင်းအရာများကို ဆွေး​နွေးခဲ့သည်။ 

ယင်းနောက် မြို့နယ်(ပြန်/ဆက်)ဦးစီးအရာရှိက  နံ့သာပန်းခင်း စာဖတ်ဝိုင်းဆွေးနွေးပွဲကို တက်ရောက်ပြီး ကိုယ်တိုင်ပါဝင်ဆွေးနွေးခဲ့သော စာပေဝါသနာရှင်များကို အထူးကျေးဇူတင်စကားပြောကြားပြီး ဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)