သတင်းများ

သံတောင်ကြီးမြို့နယ် (Community   Centre)တွင်   Book   Club  / Women  Club များက စာဖတ်ဝိုင်းပြုလုပ်
Jan 24,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ အမျိုးသမီး/လူငယ်များအနေ ဖြင့် ခေါင်းဆောင်မှုသဘောတရားများကို သိရှိစေရန် ရည်ရွယ်၍ Book   Club  / Women  Club အဖွဲ့ဝင်များက စာရေးဆရာညီညီနိုင် မြန်မာပြန်ဆိုထားသည့် အုပ်ချုပ်ရေးနီတိများနှင့် ခေါင်းဆောင်မှုသဘောတရားများအား ယနေ့နံနက်(၁၀)နာရီအချိန်က သံ‌တောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်  Community      Centre ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန္တလေးခရိုင် Community Centre တွင်  စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Jan 24,2022
ကလေးများအား ငယ်ရွယ်စဉ်ကတည်းက စာပေဖတ်ရှုသည့် အလေ့အထရှင်သန်စေရန်၊ စာအုပ်စာပေကို အသံနေအသံထား၊ အဖြတ်အတောက်မှန်ကန်စွာဖြင့် စနစ်တကျ ဖတ်ရှုတတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို  မန္တလေးခရိုင် Community Centre စာဖတ်ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ကြံခင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လှည့်လည်အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်
Jan 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့ မြို့ပေါ်ရပ်ကွက်နေပြည်သူများ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန်၊ မီးလောင်မှုလျှော့ နည်းစေရန်၊အများပြည်သူများ နေ့စဉ်သတိရှိစေရန် မြို့နယ် မီးသတ်ဦးစီးဌာနမှ ယမန်နေ့ညနေ(၄)နာရီအချိန်က မီးသတ်ကားဖြင့် မြို့ပေါ်ရပ်ကွက်(၃)ခုတွင် လမ်းဆုံလမ်းခွနေရာများ၊ လမ်းများတွင် လိုက်လံအသိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြကြောင်းသိရ သည်။
အိမ်မဲမြို့နယ်တွင် အခြေခံ ရှေးဦးပြုစုခြင်း သင်တန်းများအား ကျောင်းသား/သူများကို သင်ကြားပေး
Jan 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် အခြေခံရှေးဦးပြုစုခြင်း သင်တန်းများအား ကျောင်းသား/သူများကို ယမန်နေ့က ဖွင်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အကြိုအထိမ်းအမှတ် စာအုပ်ပြပွဲ၊ စာဖတ်ဝိုင်းပြုလုပ်
Jan 24,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အကြိုအထိမ်းအမှတ်အဖြစ်  ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်‌နေ့မွန်းလွဲပိုင်းက စာပေချစ်မြတ်နိုးသူလူငယ်များအား စာအုပ်ပြပွဲနှင့် စာဖတ်ဝိုင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
မိုးမိတ်မြို့၌ ပန်းခင်းစီမံချက်ဖြင့်ပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်
Jan 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက မိုးဘုံကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြင်းမူမြို့နယ်တွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးစီးသူပေါင်း (၂၁၅၂၆)ဦးနှင့် ဒုတိယအကြိမ် (ပထမ)အသုတ် ဆက်လက်ထိုးနှံပြီး သူပေါင်း(၁၈၈၇၆)ဦးရှိပြီဖြစ်
Jan 24,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် သာဿနာ့အနွယ်ဝင်များ၊ ကျောင်းသား /ကျောင်းသူများနှင့် ဒေသခံပြည်သူများကို မြို့နယ်ပြည်သူ့အားကစားကွင်းစုရပ်မှ နေ၍နေ့စဉ် ကိုဗစ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိန်တောကျေးရွာတွင် ပြည်သူများ Mask တပ်ဆင်သွားလာနိုင်ရေးအတွက် Mask Campaign ပြုလုပ်
Jan 24,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊မိုးညိုမြို့နယ်၊ ထိန်တောကျေးရွာတွင် ပြည်သူများ လှုပ်ရှားသွားလာရာတွင် Mask တပ်ဆင်သွားလာနိုင်ရေးအတွက် ယမန်နေ့က ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ စုပေါင်း၍ နှာခေါင်းစည်း(Mask)များ ဖြန့်ဝေးပေးခဲ့သည်။