ထိန်တောကျေးရွာတွင် ပြည်သူများ Mask တပ်ဆင်သွားလာနိုင်ရေးအတွက် Mask Campaign ပြုလုပ်

မိုးညို ဇန်နဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊မိုးညိုမြို့နယ်၊ ထိန်တောကျေးရွာတွင် ပြည်သူများ လှုပ်ရှားသွားလာရာတွင် Mask တပ်ဆင်သွားလာနိုင်ရေးအတွက် ယမန်နေ့က ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ စုပေါင်း၍ နှာခေါင်းစည်း(Mask)များ ဖြန့်ဝေးပေးခဲ့သည်။

ထိန်တောကျေးရွာအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူဖြစ်စေရန်အတွက် ပြည်သူများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် နေအိမ်ပြင်ပသို့သွားလာရာတွင် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်သွားလာရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုးညိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးရဲထွဋ်အောင်၊  ရဲမှူးဝင်းကျော်ကျော်လွင်၊ဦးစိုးတင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး ၊မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဒေါ်သက်သက်မာနှင့် ဝန်ထမ်းများ၊ ထိန်တောကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက လူအသွားအလာများသည့် ထိန်တောစျေးအတွင်းနှင့်စျေးပတ်လည်ရှိ လမ်းဆုံများတွင်  Mask ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုမင်း(မိုးညို)