မိုးမိတ်မြို့၌ ပန်းခင်းစီမံချက်ဖြင့်ပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

မိုးမိတ် ဇန်နဝါရီ  ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ပွဲကို  ယမန်နေ့ နံနက် ၉ နာရီက မိုးဘုံကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင်  မိုးမိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးလှမိုးက “ကျွန်တော်တို့ နိုင်ငံမှာနေထိုင်တဲ့ တိုင်းရင်းသားလူမျိုးတိုင်းဟာ နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်မျိုးရှိဖို့လိုအပ်ပါတယ် လက်ရှိဒေသတွင်အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းမရှိ ၊ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် ပြည်သူများအနေဖြင့် မြို့နယ်ရုံးသို့ လာရောက်ပြုလုပ်ရမည်ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား၏တန်ဖိုး၊ စည်းကမ်းချက်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်မှသာ နိုင်ငံသားအခွင့်အရေးကို ပြည့်ပြည့်ဝရရှိမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးလှမိုးနှင့်မြို့နယ်ဦးစီးမှူး ဦးနေလင်းအေးတို့က မိုးဘုံးကျေးရွာရှိ ရှမ်းတိုင်းရင်း သား (၂၁)ဦးအတွက်  နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို ပေးအပ်ခဲ့ကြောင်းသိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးနေလင်းအေးနှင့် ဝန်ထမ်းများ ပန်းခင်းစီမံချက်အရ  နိုင်ငံသားတိုင်း ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်‌ရေးရည်ရွယ်ချက်ဖြင့်  ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

စည်သူဌေး