သနပ်ပင်မြို့နယ်၌ မြစိမ်းရောင်စီမံကိန်း ချေးငွေများ ထုတ်ချေးပေးလျက်ရှိ
Jan 24,2022
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်စီမံကိန်း (၁၈)ယူနစ်အား ကျေးရွာ (၁၉)ရွာ တွင် ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းလည်ပတ်ရန်ပုံငွေများအား ကျေးရွာများရှိ စိုက်ပျိုးရေး လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်းကိုင်သူများကို အဓိကထား ထုတ်ချေး ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ တတိယပတ်တွင် ချေးငွေသက်တမ်း ပြည့်မြောက်သည့် ကျေးရွာ(၃)ရွာဖြစ်သော ကသစ်ဝိုင်ကျေးရွာ ငွေကျပ်(၄၄.၄၄)သန်း၊ ကျိုက်မင်းကလော့ကျေးရွာ ငွေကျပ်(၂၀)သန်း၊ ကလိုင်ကျေးရွာ ငွေကျပ်(၃၈.၉)သန်း အားထုတ်ချေးဆောင်ရွက်ခဲ့သည်။