ချမ်းအေးသာစံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် Door to Door ကွင်းဆင်းဆောင်ရွက်
Jan 23,2022
ပန်းခင်းစီမံချက်ဖြင့် မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ် အရှေ့ရပ်ကွက်၊ ကန်ကောက် ရပ်ကွက်နှင့် ဒေးဝန်း အနောက်ရပ်ကွက်နေ ပြည်သူများအား ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများအား တစ်အိမ်ဆင်း တစ်အိမ်တက် Door to Door စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က ပြုလုပ် ပေးခဲ့သည်။