မန္တလေး ဇန်နဝါရီ ၂၄
ကလေးများအား ငယ်ရွယ်စဉ်ကတည်းက စာပေဖတ်ရှုသည့် အလေ့အထရှင်သန်စေရန်၊ စာအုပ်စာပေကို အသံနေအသံထား၊ အဖြတ်အတောက်မှန်ကန်စွာဖြင့် စနစ်တကျ ဖတ်ရှုတတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို မန္တလေးခရိုင် Community Centre စာဖတ်ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ကလေးများကို စာအုပ်စာပေဖတ်ရှုသည့်အခါ အသံနေ၊ အသံထား၊ အဖြတ်အတောက်မှန်ကန်စွာနှင့် ဖတ်ရှုတ်စေရန်၊ ကိုယ်တိုင်ဖတ်ရှုပြီးသောစာအုပ်ကို ပြန်လည်ဖတ်ပြသည့်အခါ နားထောင်သူများကို စိတ်ပါဝင်စားလာစေရန်၊ တစ်ဦးချင်းဖတ်ရှုသည့်အခါ လိုက်နာရန်နည်းစနစ်များနှင့် နှစ်ဦးသား အတွဲလိုက်ဖတ်ရှုပြီး အချင်းချင်း ပြန်လည်ဆွေးနွေးတတ်စေရန်နှင့် အဖွဲ့လိုက်ဆွေးနွေးတတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပေးရခြင်းဖြစ်ကြောင်း မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ပြောကြားခဲ့သည်။
အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကလေး (၁၀)ဦးပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မန္တလေးခရိုင်(ပြန်/ဆက်)