ကြံခင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လှည့်လည်အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်

ကြံခင်း  ဇန်နဝါရီ   ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့ မြို့ပေါ်ရပ်ကွက်နေပြည်သူများ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန်၊ မီးလောင်မှုလျှော့ နည်းစေရန်၊အများပြည်သူများ နေ့စဉ်သတိရှိစေရန် မြို့နယ် မီးသတ်ဦးစီးဌာနမှ ယမန်နေ့ညနေ(၄)နာရီအချိန်က မီးသတ်ကားဖြင့် မြို့ပေါ်ရပ်ကွက်(၃)ခုတွင် လမ်းဆုံလမ်းခွနေရာများ၊ လမ်းများတွင် လိုက်လံအသိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြကြောင်းသိရ သည်။

အဆိုပါ အသိပေးနှိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကိုကိုနိုင် ဦးဆောင်မှုဖြင့် ဒုဦးစီးမှုးဦးစည်သူအောင်နှင့် မီးသတ်တပ် ဖွဲ့ဝင်များကပွင့်လင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလာသဖြင့် ပြည်သူများမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရမည့်အချက်များ၊ မီးပေါ့ဆမှုမရှိစေရန်နှင့် မတော်တစ်ဆ  မီးဘေးအန္တရာယ်ကြုံတွေ့ပါက ဆောင်ရွက်ရမည့် အချက်များ၊ နေအိမ်များတွင် မီးဘေးကြိုတင်ကာကွယ်ရန် မီးချိတ်၊ မီးကပ်၊ ရေးအိုး၊ သဲပုံးနှင့် မီးသတ်ဆေးဘူးများထားရှိကြရန်၊ မီးသုံးစွဲပြီးပါက မီးကြွင်းမီးကျန်များ ငြိမ်းသတ်ထားရန်၊ ဘုရားဆီမီးနှင့် အမွှေးတိုင်ပူဇော်ခြင်း၊ ခြင်ဆေးထွန်းခြင်းများကို စနစ်တကျ ထွန်းပြီးငြိမ်းသတ်ကြရန်၊ မိးလောင်လွယ်သော လောင်စာဆီနှင့် မီးလောင်လွယ်သော ပစ္စည်းများအား စစ်နစ်တကျ ထားရှိရန်နှင့် လူနေအိမ်ခြံဝန်းအတွင်း အမှိုက်များရှင်းလင်းကြရန်၊ စက်ရုံ၊ အလုပ်ရုံ၊ ဌာနဆိုင်ရာရုံးများတွင်လည်း မီးဘေးလုံခြုံရေး ဂရုပြုကြရန်နှင့် မီးသတ်ဆေးဗူး၊ ရေလှောင်ကန်များနှင့် မီးဘေးအန္တရာယ်ကာကွယ်ရေးသုံးပစ္စည်းများထားရှိရန်၊ စသည့်အချက် များအားအသိပေနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)