အိမ်မဲ ဇန်နဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် အခြေခံရှေးဦးပြုစုခြင်း သင်တန်းများအား ကျောင်းသား/သူများကို ယမန်နေ့က ဖွင်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ လမ်းညွှန်မှု၊ ဧရာဝတီတိုင်း ကြက်ခြေနီကြီးကြပ်မှုကော်မတီ မြောင်းမြခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်း သင်တန်းများအား အိမ်မဲမြို့ ကြက်ခြေနီအသင်းခွဲ ၏စီမံဆောင်ရွက်မှုဖြင့် အိမ်မဲမြို့အမှတ်(၁)အခြေခံအထက်တန်းကျောင်းနှင့် အမှတ်(၂ )အခြေခံအထက်တန်းကျောင်း တို့တွင်တပြိုင်နက်ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲအခမ်းနားသို့ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌဦးကျော်မြင့် မြောင်းမြခရိုင်တပ်ဖွဲ့မှုးဦးတင်ဦးတို့ကတက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ကိုဗစ်(၁၉)ရောဂါကာကွယ်ရေးပစ္စည်းများကိုသက်ဆိုင်ရာကျောင်းအုပ်ကြီးများအားပေးအပ်လှုဒါန်းခဲ့ကြောင်းသိရသည်။
"ကြက်ခြေနီအခြေခံရှေးဦးပြုစုခြင်းသင်တန်းများကို ပထမအကြိမ်အဖြစ် အ.ထ.က (၁ )၊အ.ထ.က(၂ )၊ အ.ထ.ကကြို့ကုန်း အ.ထ.က ရွာသစ်တို့အားအပတ်စဥ်တနင်္ဂနွေနေ့ တိုင်း သင်တန်းတစ်ခုလျှင် (၃)ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချဆောင်ရွက်သွားမည်ဖြစ်ပြီး သင်တန်းတစ်ခုလျှင် သင်တန်းသား ၅၀ ဦး သင်တန်း (၄ )ခုအတွက်သင်တန်းသား ၂၀၀ ဦးအားဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း"မြောင်းမြခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးဦးတင်ဦးပြောကြားချက်အရသိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)