မြင်းမူမြို့နယ်တွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးစီးသူပေါင်း (၂၁၅၂၆)ဦးနှင့် ဒုတိယအကြိမ် (ပထမ)အသုတ် ဆက်လက်ထိုးနှံပြီး သူပေါင်း(၁၈၈၇၆)ဦးရှိပြီဖြစ်

မြင်းမူ ဇန်နဝါရီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊   စစ်ကိုင်းခရိုင်၊  မြင်းမူမြို့နယ်တွင်    သာဿနာ့အနွယ်ဝင်များ၊ ကျောင်းသား /ကျောင်းသူများနှင့် ဒေသခံပြည်သူများကို မြို့နယ်ပြည်သူ့အားကစားကွင်းစုရပ်မှ နေ၍နေ့စဉ် ကိုဗစ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြင်းမူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး  ထိုးနှံပေးရန် အကျုံးဝင်သူပေါင်း (၉၉၀၅၂)ရှိကြောင်း၊  ပထမအကြိမ် ကာကွယ်ဆေး(၂)ကြိမ်ထိုးနှံပြီးသူပေါင်း (၂၁၅၂၆) ဦးနှင့် ယခု ဒုတိယအကြိမ်တွင်(၁)ကြိမ် ထိုးနှံပြီးသူပေါင်း (၁၈၈၇၆) ဦးရှိပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားစခန်းမတွင် နေ့စဉ် နံနက်(၈)နာရီမှ နေ့လည်(၁၂)နာရီအချိန်ထိ ဆောင်ရွက်ပေး လျက်ရှိကြောင်း  မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ကိုဗစ်-၁၉ ရောဂါ ဆေးထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် အတူမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊  မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက လိုအပ်သည့် ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

အောင်စိုးဖေ (မြင်းမူ)