သတင်းများ

အောင်လံမြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်
Jan 24,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် “ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ” Talk Show ကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။
(၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲပြသ
Jan 24,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကျိုက်လတ်မြို့နယ်ရုံး၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ဦးမြိုနယ်တွင်(Omicron)အပါအဝင် ကိုဗစ်-၁၉ ဗီဇပြောင်း ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးနှိုးဆော်
Jan 24,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင်(Omicron)အပါအဝင် ကိုဗစ်-၁၉ ဗီဇပြောင်းရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို ယနေ့နက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ ညောင်ဦးမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများက ကိုဗစ်၁၉ရောဂါကာကွယ်ရေးနှင့် ကိုဗစ်၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါပိုး သတိပြုကာကွယ်ရေး အသိပေးနှိုးဆော်လျက်ရှိ
Jan 24,2022
ပျော်ဘွယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါပိုးအား သတိပြုကာကွယ် နိုင်စေရန် ယနေ့ နံနက် (၉) နာရီက ရွာသာကျေးရွာတွင် ဆောင်ရွက်ခဲ့ကြသည်။
ကျုံပျော်မြို့နယ်၊ ကုန်းမဲဇလီကျေးရွာတွင် ယ‌နေ့ ပြည်သူ(၃၃၅)ဦး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံ
Jan 24,2022
ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ကာကွယ်ဆေးများ စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီ ၂၄ ရက်က ကုန်းမဲဇလီကျေးရွာတွင် ပြည်သူ (၃၃၅)ဦး ကိုဗစ်-၁၉ ကာကွယ်ဆေးများ လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ် စည်ပင်သာယာမြို့မဈေး၌ အိုမီခရွန်နှင့်ပတ်သက်သော ပိုစတာများ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ‌
Jan 24,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်တွင် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်၁၉ ရောဂါနှင့်ပတ်သက်၍ ကူးစက်ခံရမှုနှုန်းလျော့နည်းလာစေရန် ၊ ဤမြို့နယ်အတွင်း၌ အိုမီခရွန်(Omicron) ကိုဗစ်၁၉မျိုးဗီဇပြောင်းရောဂါကူးစက်မှုမှကင်းဝေးကြရန်
ကံမမြို့ အမှတ်(၄)ရပ်ကွက် ကွမ်းခြံလမ်းပေါ်၌ ကျောက်စီရေမြောင်းပြုလုပ်ရန် မြေသားတူးဖော်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်
Jan 24,2022
မကွေးတို်ငးဒေသကြီး သရက်ခရိုင် ကံမမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၄)ရပ်ကွက် ကွမ်းခြံလမ်း၌ ရေစီးရေလာကောင်းမွန် စေရန်အတွက် ယခင် မြေသားမြောင်း အဖြစ်မှ ကျောက်စီရေမြောင်းပြုလုပ်ရန် မြေသားတူးဖော်ခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။
ကျိုက်ဒုံမြို့၌ ပိုးကရင်ဘာသာ၊ မြန်မာဘာသာဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင် ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Jan 24,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက ကျိုက်ဒုံမြို့အမှတ် (၃) ရပ်ကွက်၌ ဒေသနေပြည်သူများအား၊ ပိုးကရင်ဘာသာ၊ မြန်မာဘာသာဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲအိုမီခရွန် (Omicron) ရောဂါပိုးများကို သတိပြု ကာကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။