သံတောင်ကြီးမြို့နယ် (Community   Centre)တွင်   Book   Club  / Women  Club များက စာဖတ်ဝိုင်းပြုလုပ်

သံတောင်ကြီး  ဇန်နဝါရီ ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ အမျိုးသမီး/လူငယ်များအနေ ဖြင့် ခေါင်းဆောင်မှုသဘောတရားများကို သိရှိစေရန် ရည်ရွယ်၍ Book   Club  / Women  Club အဖွဲ့ဝင်များက စာရေးဆရာညီညီနိုင် မြန်မာပြန်ဆိုထားသည့် အုပ်ချုပ်ရေးနီတိများနှင့် ခေါင်းဆောင်မှုသဘောတရားများအား ယနေ့နံနက်(၁၀)နာရီအချိန်က သံ‌တောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်  Community      Centre ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံ-၃ နော်ဝုတ် စတီးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး Women  Club အဖွဲ့ဝင် နော်မညွှန်က စာရေးဆရာညီညီနိုင် မြန်မာပြန်ဆိုထားသည့် အုပ်ချုပ်ရေးနီတိများနှင့် ခေါင်းဆောင်မှုသဘောတရားစာအုပ်မှ မသိသူကျော်သွား၊ သိသူဖော်စား၊ ကြက်ဥအရောင်တိမ် ကောင်းသဖွယ်မင်ရေးကျယ်၊ ကိုင်းကျွန်းမှီကျွန်းကိုင်းမှီ၊ ကိုယ်ကောင်းခေါင်းမရွေ့ ခေါင်းစဉ်ငယ်များအား ဖတ်ကြားဆွေး နွေးခဲ့သည်။

ဆက်လက်ပြီး Book   Club  အဖွဲ့ဝင် နော်ဝင်းသီရိကျော်က မေးပါများစကားရ၊ ရွာခွေး ဟောင်သော်လည်း ကုန်လှည်းကအသွားမပျက်၊ အသွင်အပြင်ရှိမှ လူရိုသေသည်၊ ပုဂ္ဂိုလ်ခင်မှ တရားဝင် စသည့် ခေါင်းစဉ်ငယ်များအား ဖတ်ကြားဆွေးနွေးပြီး တက်ရောက်လာသူများက စာအုပ်ပါ အကြောင်းအရာများအား အပြန်အလှန်ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)