သတင်းများ

 နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ပဉ္စမအသုတ် ဒုတိယအကြိမ် ကိုဗစ် -၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 24,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ပဉ္စမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 
ညောင်တုန်းမြို့နယ်တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ များကျင်းပ
Jan 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ များကိုယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မိုးညှင်းမြို့၌ ဘိုးဘွားရိပ်သာနှင့် ကျောက်ကပ်ဆေးခန်းအတွက် ထာဝရဆွမ်းပဒေသာပင် ငွေကျပ် သိန်း(၈၀၀)လှူဒါန်း
Jan 24,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ ဘိုးဘွားရိပ်သာနှင့် ကျောက်ကပ်ဆေးခန်းအတွက် ထာဝရဆွမ်းပဒေသာပင် ငွေကျပ် သိန်း(၈၀၀)ကို ယမန်နေ့ နံနက်(၉)နာရီခွဲက အောင်သပြေ(၃) ရပ်ကွက်နေ အသက်(၈၀)ကျော် အဖွား ဒေါ်မကြည်က လှူဒါန်းခဲ့သည်။
ပုံပါကျင်မြို့၊ နားကောင်းမူး(ဘဝသစ်)ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်‌ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jan 24,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် နိုင်ငံသားတစ်ဦး၏တရားဝင်မှု၊ နိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားဘဝအထောက်အကူဖြစ်စေနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ယမန်နေ့က ပုံပါကျင်မြို့၊ နား‌ကောင်းမူး(ဘဝသစ်)ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ကမမောင်းမြို့တွင် (၇၅)နှစ်မြောက်စိန်ရတု ပြည်‌ထောင်စုနေ့အကြိုအထိမ်းအမှတ် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
Jan 24,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ် မြောက် စိန်ရတုပြည်‌ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့်ကဗျာရွတ်ဆို ပြိုင်ပွဲကို ယမန်နေ့ည‌နေပိုင်းအချိန်က ကမမောင်းမြို့ ပြည်သူ့စာကြည့်တိုက်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရ သည်။
မင်းလှမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများထုတ်ပေး
Jan 24,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ မြန့်မာ့စီးပွားရေးဘဏ်မှ နိုင်ငံ့ဝန်ထမ်းပင်စင်စားများ၏ ပင်စင်လစာငွေများကို ဇန်နဝါရီ ၂၁ ရက် နေ့မှစတင်ပြီး သတ်မှတ်နေ့အလိုက် စနစ်တကျထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၇ နာရီခွဲက ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ"အိုမီခရွန်"ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်
Jan 24,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းလုံမြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ရင်တွင်းစကားသံ
Jan 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါ   ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး   ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူပြည်သူတစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ယခုလိုပဲ သိရပါသည်။