သတင်းများ

Football For School Program အရဖွင့်လှစ်သည့် ဘောလုံးသင်တန်းသားများအား အားကစားဝတ်စုံများပေးအပ်
May 24,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် အားကစားရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ Pilot Project အစီအစဥ်ဖြင့် Football For School Program အရဖွင့်လှစ်သည့် ဘောလုံးသင်တန်းသားများကို ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရှိ မြို့မအားကစားကွင်းတွင် အားကစားဝတ်စုံများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာခရိုင်၌ သောက်ရေသန့်လုပ်ငန်းများအား တရားဝင်လိုင်စင်ခွင့်ပြုချက်ဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကျင်းပ
May 24,2026
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၌ သောက်ရေသန့်လုပ်ငန်းများအား တရားဝင်လိုင်စင်ခွင့်ပြုချက်ဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲကို ယမန်နေ့က မိတ္ထီလာခရိုင် စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးရုံး၌ ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ခရိုင်တာဝန်ခံ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦစီးအရာရှိနှင့် သောက်ရေသန့်လုပ်ငန်းရှင် (၃၀)ဦး တက်ရောက်ခဲ့သည်။
ကျိုင်းတုံမြို့၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် C.T.M.E အခမ်းအနားကျင်းပ
May 24,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေး အစီအစဉ် C.T.M.E အခမ်းအနားကို မေ ၂၃ ရက်က (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ (ကျိုင်းတုံ)၌ ကျင်းပသည်။
ဇမ္ဗူသီရိမြို့နယ်၌ စိုက်ပျိုးစရိတ်နှင့် လယ်ယာသုံးစက်ကိရိယာ ချေးငွေထုတ်ပေးနိုင်ရေး ရှင်းလင်းဆွေးနွေး
May 24,2026
၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးခြင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးလျက်ရှိသော ချေးငွေများနှင့် ယခုထပ်မံထုတ်ချေးမည့် လယ်ယာသုံးစက်ကိရိယာ ချေးငွေထုတ်ချေးရေးဆောင်ရွက်မည့် အစီအစဉ်အသစ်နှင့်ပတ်သက်၍ နေပြည်တော်ရှိ တောင်သူများအား ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ  Kubota-GBS ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ ၂၀၂၆ခုနှစ်၊ ကရာတေးဒိုပြိုင်ပွဲ မြို့နယ်အလိုက် လူရွေးပြိုင်ပွဲနှင့် သက်ငယ်တန်းကရာတေးဒိုပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်
May 24,2026
ရှမ်းပြည်နယ်အတွင်း ကရာတေးဒိုအားကစားနည်း ပိုမိုဖွံ့ဖြိုးတိုးတက်ပြန့်ပွားလာစေရန်ရည်ရွယ်၍ ယမန်နေ့မနက်ပိုင်းက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကရာတေးဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် မြို့နယ်အလိုက် လူရွေးပြိုင်ပွဲနှင့် သက်ငယ်တန်းကရာတေးဒိုပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူနှင့် တာဝန်ရှိသူများ တက်ရောက်အား‌ပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ်‌ ဒေသခံကော်မတီ အဖွဲ့ဝင်များက တနိုင်းမြို့နယ် ဟူးကောင်းခန်းမ၌ ဒေသခံတိုင်းရင်းသားမျိုးနွယ်စုများအား တွေ့ဆုံရှင်းလင်း
May 24,2026
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ် ဒေသခံကော်မတီအဖွဲ့ဝင်များက ရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ဒေသခံပြည်သူများ ရှင်းလင်းစွာသိရှိနားလည်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲများကို ပြည်နယ်အတွင်းရှိ မြို့နယ်များ တွင် အဆက်မပြတ် ကျင်းပပြုလုပ်လျှက်ရှိရာ ယနေ့နံနက်ပိုင်းနှင့် ယမန်နေ့တို့က တနိုင်းခရိုင်၊ တနိုင်းမြို့၊ ပုန်ခုန်းကောင်းရပ်ကွက်၊ ဟူးကောင်းခန်းမ၌ ဒေသခံတိုင်းရင်း သားမျိုးနွယ်စုများနှင့် တွေ့ဆုံရှင်းလင်း ဆွေးနွေးပွဲများကို ကျင်းပပြုလုပ်ခဲ့ကြသည်။
ဟင်္သာတမြို့နယ်အတွင်းရှိ ကြီးကြပ်ရေးအဖွဲ့များအား ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ ဆွေးနွေးပို့ချခြင်းသင်တန်းဖွင့်လှစ်
May 24,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ကြီးကြပ်ရေးအဖွဲ့များအား ရပ်ကွက် (သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ ဆွေးနွေးပို့ချပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပသည်။
မြောင်းမြတွင် မိုးရာသီ၌ လမ်းဘေးသစ်ပင်လဲကျနေမှုများအား ရှင်းလင်းဆောင်ရွက်
May 24,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် မိုးတွင်းကာလ၌ ကံ့ကော်မြိုင်ရပ်ကွက်နှင့် ရေတွင်းရေကန်ကျေးရွာတို့တွင် သစ်ပင်လဲကျနေလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက လမ်းဘေးသစ်ပင်လဲကျနေမှုများကို မြောင်းမြမြို့နယ်မီးသတ်ဦးစီးဌာနမှ ရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။