သတင်းများ

တိုက်ကြီးမြို့နယ်တွင် လူငယ်များ၏စွမ်းပကားများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် လူငယ်များ၏ကိုယ်ရည်ကိုယ်သွေးနှင့် စိတ်ဓာတ်ခွန်အားများတိုးတက်တောက်ပြောင်လာစေရန်၊ လူငယ်များ၏ စွမ်းပကားများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အသိ ပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မင်္ဂလာရပ်ကွက်ရှိ မစိုးရိမ်ကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပသည်။
ထားဝယ်မြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ
Sep 09,2025
တနင်္သာရီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးထိန်းသိမ်းရေးဦးစီးဌာန၏ လမ်းညွှန်ကြီးကြပ်မှုဖြင့်ထားဝယ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို စက်တင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ကရသူရိမြို့၌ (KG) ကျောင်းသား၊ ကျောင်းသူများအား စား‌သောက်ဖွယ်ရာများ ကျွေးမွေး
Sep 09,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (KG) ကျောင်းသား၊ ကျောင်းသူများ ကျန်းမာသန်စွမ်းရေးနှင့် အာဟာရပြည့်ဝစွာရရှိရေး စားသောက်ဖွယ်ရာများကို စက်တင်ဘာ ၉ ရက်နေ့ နံနက် ၁၁ နာရီက ကျွေးမွေးခဲ့ကြသည်။
ပုလောမြို့၊ မူလွန်-၄ ကျောင်း၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်
Sep 09,2025
တနင်္သာရီတိုင်းဒေသကြီးမြိတ်ခရိုင်၊ ပုလောမြို့၊ မူလွန်- ၄ ကျောင်း၌ ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကို စက်တင်ဘာလ ၉ ရက် နံနက် ၁၀ နာရီက  ကျင်းပခဲ့သည်။
ကာလတိုအတွင်း စိုက်ပျိုးသီးနှံများအောင်မြင်ဖြစ်ထွန်းစေရန် စက်ကိရိယာများ ပိုမိုသုံးစွဲ
Sep 09,2025
ရာသီဥတုပြောင်းလဲခြင်းဖြစ်စဉ်များကြောင့် ကာလတိုအတွင်း စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေး လယ်ယာလုပ်ငန်းခွင်ကို စက်မှုလယ်ယာစနစ်သို့ကူးပြောင်းပြီး စက်ကိရိယာများ ပိုမိုသုံးစွဲလာစေရန် ပြည်နယ်စက်မှု လယ်ယာဦးစီးဌာန၊ အမှတ် (၂၀) စက်မှုလယ်ယာစခန်း (ဘားအံ) မှ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့်တွဲဖက်သုံး (၁၀) တန်းသွား မျိုးစေ့ချကိရိယာနှင့် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) တို့ဖြင့် မိုးစပါး စိုက်ပျိုးခြင်းကွင်း သရုပ်ပြပွဲကို စက်တင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ ရဲသာ(ကမော့ကစင်) ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၁၈၇၊ ကမော့ကစင်အရှေ့ကွင်း တောင်သူဒေါ်မူးဖေါင်ဆိန့်၏လယ်မြေ၌ ကျင်းပသည်။
လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ကွင်ဆင်းဆောင်ရွက်
Sep 09,2025
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ ပူးပေါင်း၍ အမှတ် (၁၈) ရပ်ကွက် အေးရိပ်သာယာဓမ္မာရုံ၊ ပြည်လုံးချမ်းသာဓမ္မာရုံနှင့် မင်္ဂလာသီရိဓမ္မာရုံတို့၌ မဲဆန္ဒရှင်ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအစဥ်ကို ယမန်နေ့ နံနက် (၉) နာရီက ကွင်းဆင်းဆောင်ရွက်သည်။
ပြည်ကြီးမဏ္ဍိုင်မြို့၌(KG) ကျောင်းသား/ကျောင်းသူများအား အာဟာရကျွေးမွေးခြင်း ဆောင်ရွက်
Sep 09,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ပြည်ကြီးမဏ္ဍိုင်မြို့တွင်  ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားသင်ယူနေသည့် (KG) ကျောင်းသား/ ကျောင်းသူများအား  ပထမအကြိမ်အဖြစ်  အာဟာရကျွေးမွေးခြင်းကို  စက်တင်ဘာ ၉ ရက်နေ့ နံနက် ၁၁ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်) ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  
လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ကွင်းဆင်းဆောင်ရွက်
Sep 09,2025
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ ပူးပေါင်း၍ အမှတ်(၁၆)ရပ်ကွက် ကလျှာဏသုခလှိုင်ဓမ္မာရုံနှင့် အ.မ.က (၃၉) အခြေခံပညာကျောင်းတို့၌ မဲဆန္ဒရှင်ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအစဥ်ကို စက်တင်ဘာ ၇ ရက်နေ့ နံနက် (အခြေခံပညာကျောင်းတို့၌ မဲဆန္ဒရှင်ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအစဥ်ကို ယနေ့နံနက် (၉) နာရီက ကွင်းဆင်းပြုလုပ်သည်။