ထားဝယ်မြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

ထားဝယ် စက်တင်ဘာ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးထိန်းသိမ်းရေးဦးစီးဌာန၏ လမ်းညွှန်ကြီးကြပ်မှုဖြင့်ထားဝယ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို စက်တင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ထို့နောက်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်မင်းအုန်းနှင့် တာဝန်ရှိသူများက ပါဝင်ယှဉ်ပြိုင်နေသောကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအားပေးသည်။

ပြိုင်ပွဲ၌ အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများက ယခုနှစ် အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် အိုဇုန်းလွှာကာကွယ်ရေး သိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံး မြှင့်တင်ဆောင်ရွက်ပေး ဟူသောခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၈ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၃၆ ဦး၊ ပန်းချီပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၈ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၆၀ ဦး ပါဝင်ယှဉ်ပြိုင် ဖြေဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်နှင့် ဘောပင်များ၊ ပန်းချီဆွဲစက္ကူနှင့် ဆေးရောင်စုံခြယ်ဘူးများ၊ မုန့်များနှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရ သည်။

ငွေဇင်ယော်(ထားဝယ်)