ကရသူရိ စက်တင်ဘာ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (KG) ကျောင်းသား၊ ကျောင်းသူများ ကျန်းမာသန်စွမ်းရေးနှင့် အာဟာရပြည့်ဝစွာရရှိရေး စားသောက်ဖွယ်ရာများကို စက်တင်ဘာ ၉ ရက်နေ့ နံနက် ၁၁ နာရီက ကျွေးမွေးခဲ့ကြသည်။
(KG)ကျောင်းသား/ကျောင်းသူများ လိုအပ်သည့်အဟာရများ ပြည့်ဝစွာရရှိရေး၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးရေး၊ ကျန်းမာကြံ့ခိုင်ရေး၊ ဦးနှောက်နှင့်ဉာဏ်ရည်ဖွံ့ဖြိုးရေးအတွက် အာဟာရပြည့်ဝသော စားသောက်ဖွယ်ရာများကိုကျွေးမွေးခဲ့ကြသည်။
ထိုသို့အာဟာရဖွံ့ဖြိုးတိုးတက်ရေး စားသောက်ဖွယ်ရာများကျွေးမွေးခြင်းကို မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ (၅၂) ဦးအား ကျွေးမွေးခဲ့ကြပြီး အဆိုပါ ကျွေးမွေးရာသို့ တိုက်နယ်တာဝန်ခံဆရာဝန် ဒေါက်တာကျော်လင်းထွန်းနှင့်ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ ဆရာများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)