လှိုင်သာယာ စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ ပူးပေါင်း၍ အမှတ်(၁၆)ရပ်ကွက် ကလျှာဏသုခလှိုင်ဓမ္မာရုံနှင့် အ.မ.က (၃၉) အခြေခံပညာကျောင်းတို့၌ မဲဆန္ဒရှင်ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအစဥ်ကို စက်တင်ဘာ ၇ ရက်နေ့ နံနက် (အခြေခံပညာကျောင်းတို့၌ မဲဆန္ဒရှင်ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအစဥ်ကို ယနေ့နံနက် (၉) နာရီက ကွင်းဆင်းပြုလုပ်သည်။
ထို့နောက် အဆိုပါအစီအစဥ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းနိုင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့အတွင်းရေးမှူးတို့က မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲပေးကာလတွင် အခက်အခဲမရှိမဲပေးနိုင်စေရန်ရည်ရွယ်၍ ယခုလိုကွင်းဆင်းဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းနှင့် (MEVM) မဲပေးစက်ဖြင့် လက်တွေ့အသုံးပြုပုံများကို ရှင်းလင်းပြောကြားပြီး ရပ်ကွက်နေပြည်သူများအား လက်တွေ့စမ်းသပ်မဲပေးခြင်း လုပ်ငန်းများကို ပြုလုပ်သည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ မြို့နယ်ကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ နည်းပြ ဆရာ၊ ဆရာမများ ရပ်ကွက်ကော်မရှင်အဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)