လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ကွင်ဆင်းဆောင်ရွက်

လှိုင်သာယာ စက်တင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ ပူးပေါင်း၍ အမှတ် (၁၈) ရပ်ကွက် အေးရိပ်သာယာဓမ္မာရုံ၊ ပြည်လုံးချမ်းသာဓမ္မာရုံနှင့် မင်္ဂလာသီရိဓမ္မာရုံတို့၌ မဲဆန္ဒရှင်ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအစဥ်ကို ယမန်နေ့ နံနက် (၉) နာရီက ကွင်းဆင်းဆောင်ရွက်သည်။

ထို့နောက် အဆိုပါအစီအစဥ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းနိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့အတွင်းရေးမှူး ဒေါ်သန်းသန်းဌေးတို့က မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲပေးကာလတွင် အခက်အခဲမရှိ မဲပေးနိုင်စေရန်ရည်ရွယ်၍ ယခုလိုကွင်းဆင်းဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းနှင့် (MEVM) မဲပေးစက်လက်တွေ့အသုံးပြုပုံများကို ရှင်းလင်းပြောကြားပြီး ရပ်ကွက်နေပြည်သူများအား လက်တွေ့စမ်းသပ်မဲပေးခြင်း လုပ်ငန်းများကို ပြုလုပ်သည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ နည်းပြဆရာ၊ ဆရာမများ ရပ်ကွက်ကော်မရှင်အဖွဲ့ဝင်များ ရပ်ကွက်နေပြည်သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)