စစ်ကိုင်း ဖေဖော်ဝါရီ ၂၇
စစ်ကိုင်းမြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့လှူဒါန်းသည့် အောက်ဆီဂျင် စက်ရုံကို စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်(၁)လမ်းတွင် စတင်တည်ဆောက်နေပြီ ဖြစ်ကြောင်း သိရသည်။
“မြန်မာတိုင်ငံ ကြက်ခြေနီအသင်းကနေပြီး ထောက်ပံ့လှူဒါန်းပေးတာပါ အခုစက်ရုံအတွက် အဆောက်အဦ စတင်ဆောက်လုပ်နေပါပြီ အောက်ဆီဂျင်စက်ကတော့ ရောက်ရှိနေပါပြီ ဒီစက်က တစ်နေ့ကို လီတာ(၄၀)ဆံ့ အလုံး(၈၀)လောက်ထွက်ရှိပါတယ် အဆောက်အဦကိုလည်း အမြန်ပြီးစီးအောင် ဆောက်လုပ်သွားမှာပါ” ဟု ခရိုင်ကြက်ခြေနီတပ်ဖွဲ့စုမှူး ဦးမြင့်သိန်းထွန်းက ပြောပြ၍သိရသည်။
စစ်ကိုင်းမြို့အနေဖြင့် အောက်ဆီဂျင်စက်ရုံများကို သုခကာရီ ကျန်းမာရေးနှင့်လူမှုကူညီရေး အသင်းမှ အများကောင်းမှုဖြင့် ဦးဆောင်တည်ဆောက်ထားသည့် လီတာ(၄၀)ဆံ့ အလုံး(၁၅၀)ခန့် တွက်ရှိသည့် အောက်ဆီဂျင်စက်ရုံရယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ကုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံဝင်း အတွင်းတည်ဆောက်ထားသည့် လီတာ(၄၀)ဆံ့ အလုံး(၈၀) ခန့်ထွက်ရှိသည့် အောက်ဆီဂျင်စက်ရုံရယ် အခုတည်ဆောက်ပြီးစီးမည့် အောက်ဆီဂျင်စက်ရုံတွေ ရှိနေသည့်သည့် စစ်ကိုင်းခရိုင်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးအထောက်အကူပြုပေးသွား မည်ဖြစ်ကြောင်းသိရသည်။
ဇော်မြင့်နိုင်